Share this

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်အခွင့်အရေးကော်မတီဥက္ကဋ္ဌ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၅/၂၀၁၇) ကျင်းပ

Friday, August 11, 2017 - 11:16
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်၊ (၁၂:၁၀) နာရီတွင် အမျိုးသားလွှတ်တော်ရေးရာဆောင်အမှတ် I-20 (အပေါ်ထပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင်က အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူးက လုပ်ငန်းနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးတင်ပြပါသည်။

ထို့နောက် ကော်မတီဝင်များက လုပ်ငန်းနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးကြပြီး ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို (၁၃:၁၅) နာရီတွင် ရပ်နားခဲ့ပါသည်။