အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေသည် ကော်မတီအတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့်အတူ (၂၃.၁၁.၂၀၁၆) ရက်နေ့ နံနက် (၁၁၀၀) နာရီအချိန်တွင် Asia Foundation မှ Researcher, Dr. Renaud Egreteau နှင့် ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံပွဲတွင် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် လွှတ်တော်ဖွံ့ဖြိုးရေးကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ပါသည်။