အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ စီစဉ်မှုဖြင့် ပညာရေးဝန်ကြီးဌာန၏ ပညာရေးနှင့် သက်ဆိုင်သောဆောင်ရွက်ဆဲ၊ ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ ဆွေးနွေးတင်ပြခြင်း အခမ်းအနားကို (၂၈.၂.၂၀၁၇) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် အမျိုးသားလွှတ်တော်၊ ထမင်းစားခန်းမဆောင်၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်တို့ တက်ရောက်ပြီး ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက်ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆွေးနွေးတင်ပြကာ လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။