အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် MICA (Myanmar International Cooperation Agency) အဆိုနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးများသို့ ၁၆.၉.၂၀၁၇ ရက်နေ့မှ ၂၂.၉.၂၀၁၇ ရက်နေ့အထိ ကွင်းဆင်းလေ့လာစိစစ်ခဲ့ရာတွင် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ MICA နှင့် စာချုပ်ချုပ်ဆိုခဲ့သည့် သက်ဆိုင်ရာ ကုမ္ပဏီများမှ တာဝန်ခံများက လုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ ကော်မတီဥက္ကဋ္ဌက ပြန်လည်သုံးသပ် ညှိနှိုင်းဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။