အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်းသည် ရန်ကုန်မြို့၊ စင်္ကာပူနိုင်ငံသံရုံးမှ သံမှူးကြီး Mr. KOH CHEE CHIAN ဦးဆောင်သောအဖွဲ့အား မတ်လ ၂၄ ရက်နေ့ မွန်းလွဲ (၁၅:၀၀) နာရီအချိန်တွင် အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ ကဏ္ဍပေါင်းစုံတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် ယခုနှစ်သည် စင်္ကာပူ-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၅ဝ ပြည့်သည့်နှစ်ဖြစ်၍ နှစ်နိုင်ငံအပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ရရှိရေး ဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဒေါ်ထုမေ၊ ကော်မတီဝင်များဖြစ်ကြသော ဦးမောင်မောင်လတ်၊ ဦးဂျေယောဝူ၊ ဒေါ်နန်းမိုးမိုးထွေး၊ ဦးခွန်သိန်းဖေ၊ ဦးစခင်ဇော်လင်း၊ ဗိုလ်မှူးဇဝနနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။