Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်း ကနေဒါနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး THE HONOURABLE STEPHANE DION အား လက်ခံတွေ့ဆုံ

Thursday, April 7, 2016 - 12:54
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်းသည် ကနေဒါနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး The Honourable Stephane Dion အား (၇.၄.၂၀၁၆) ရက်နေ့ မွန်းလွဲ (၁၅ ၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ဖက်ဒရယ်စနစ်တည်ဆောက်ရာ၌ ကနေဒါနိုင်ငံမှ ကူညီပံ့ပိုးနိုင်မည့်နည်းလမ်းများ၊ ကနေဒါနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ရွက်နိုင်ရေးကိစ္စရပ်များနှင့် နှစ်နိုင်ငံပြည်သူချင်း ပိုမိုရင်းနှီးချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီဝင်များဖြစ်ကြသော ဦးရဲမြင့်စိုး၊ ဦးဇော်ဟိန်း၊ ဦးနိုင်ကိုကို၊ ဒေါ်နန်းမိုးမိုးထွေးနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။