အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့်ကော်မတီဝင်များအား ရန်ကုန်မြို့၊ စင်္ကာပူသံရုံးမှသံမှူးကြီး Mr. Doh Chee Chain (Deputy Chief of Mission and Counselor) က (၇.၂.၂၀၁၇) ရက်နေ့ ၁၅၀၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံရာတွင် မြန်မာ-စင်္ကာပူ နှစ်နိုင်ငံရင်းနှီးသောဆက်ဆံမှုများ၊ ယမန်နှစ်က ကျရောက်ခဲ့သည့် မြန်မာ-စင်္ကာပူ သံတမန်ဆက်ဆံရေးနှစ် (၅၀)ပြည့် နှင့်ပတ်သက်သည့်အကြောင်းများ AIPA ညီလာခံတွင် အိမ်ရှင်မြန်မာနိုင်ငံ၏ ဂုဏ်ယူဖွယ်ဆောင်ရွက်ချက်များနှင့် မြန်မာ-စင်္ကာပူ ပူးပေါင်းဆောင်ရွက်ရေးကို ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းကြရန် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဂျေယောဝူ၊ ဦးနိုင်ကိုကို၊ ဦးမောင်မောင်လတ်၊ ဦးခွန်သိန်းဖေ၊ ဗိုလ်မှူးဇဝနတို့ တက်ရောက်ကြပါသည်။