အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့်ကော်မတီဝင်များအား International IDEA မှ Head of Country Office မြန်မာဌာနေကိုယ်စားလှယ် Mr. Mark McDowell နှင့် International IDEA ၏ အစီအစဉ်မန်နေဂျာ Ms. Annamari Salonen တို့က (၈-၃-၂၀၁၇) ရက်နေ့ (၁၃၃၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော်တွင် အခြေခံဥပဒေဆိုင်ရာကိစ္စရပ်များကို ဟောပြောဆွေးနွေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းများ ပြုလုပ်ရန် နှင့်ပတ်သက်၍ လွှတ်တော်က အုပ်ချုပ်ရေးမဏ္ဍိုင်ကို ထိန်းညှိခြင်းကိစ္စဟောပြော ဆွေးနွေးပွဲများ မေလအတွင်း ဆောင်ရွက်စီစဉ်လိုကြောင်းနှင့် လယ်ယာမြေနှင့် သယံဇာတဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်သော ဆွေးနွေးပွဲများကိုလည်း ကျင်းပရန် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အဖွဲ့ဝင်များဖြစ်ကြသော ဦးမောင်မောင်လတ် ၊ ဗိုလ်မှူးဇဝန တို့တက်ရောက်ကြပါသည်။