အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းအား ရန်ကုန်မြို့အခြေစိုက် ကိုရီးယားဒီမိုကရက်တစ်သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr.Jong Ho Bom က (၁၅-၆-၂၀၁၇) ရက်နေ့ (၁၄၀၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံလွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးမှတစ်ဆင့် ပြည်သူချင်းချစ်ကြည်ရင်းနှီးရေး၊ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာဦးကြွယ်ကြွယ်၊ ဦးစိုင်းအုန်းကျော်၊ ဦးချစ်ထွေးနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။