Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့် အဖွဲ့ဝင်များအား နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနမှ တာဝန်ရှိသူက လာရောက်တွေ့ဆုံဆွေးနွေး

Tuesday, June 20, 2017 - 14:50
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့် ကော်မတီဝင်များအား နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မွှေးမွှေးခိုင်က(၂၀-၆-၂၀၁၇) ရက်နေ့ (၁၃၀၀) နာရီတွင် နေပြည်တော်ရှိ၊ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-18) အစည်းအဝေးခန်းမ၌ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်ဆံရေး၊ နိုင်ငံတကာစီးပွားရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပါ သည်။

အဆိုပါဆွေးနွေးပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့် အတူ ကော်မတီအဖွဲ့ဝင်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။