Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များအား ASIAN DEVELOPMENT BANK (ADB) မှ တာဝန်ရှိသူများက လာရောက်တွေ့ဆုံ

Thursday, October 19, 2017 - 11:10
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့် ကော်မတီဝင်များအား Asian Development Bank (ADB) မှ တာဝန်ရှိသူများက (၁၉.၁၀.၂၀၁၇) ရက်နေ့ (၁၄၀၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-18) အစည်းဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင် Asian Development Bank (ADB) မှ အဆိုပြုထားသော ချေးငွေအထောက်အပံ့ (၂)ခုနှင့်စပ်လျဉ်းပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ADB မှ တာဝန်ရှိသူများက အသေးစိတ်ရှင်းလင်းဆွေးနွေးတင်ပြပါသည်။အဆိုပါရှင်းလင်းတင်ပြချက်များနင့် စပ်လျဉ်း၍ ကော်မတီဝင်များမှ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း၊ အတွင်းရေးမှူးဒေါ်ထုမေနှင့် ကော်မတီဝင်များဖြစ်ကြသော ဒေါ်နန်းမိုးမိုးထွေး၊ ဒေါက်တာဝင်းမြင့်၊ ဒေါက်တာဦးကြွယ်ကြွယ်နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။