အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကို (၂၃.၁.၂၀၁၈)ရက်နေ့ (၁၃၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-18) အပေါ်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။ အစည်းအဝေးတွင် ကော်မတီ၏လုပ်ငန်းကိစ္စရပ်များညှိနှိုင်းဆွေးနွေးပြီး အဖွဲ့ဝင် ဗိုလ်မှူးဇဝနမှ အိန္ဒိယနိုင်ငံလွှတ်တော်ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးပါသည်။ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့်အတူ ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြပြီး အစည်းအဝေးကို (၁၄၁၅)တွင် ရုပ်သိမ်းပါသည်။