အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီအစည်းအဝေးကို (၈.၂.၂၀၁၈)ရက်နေ့ (၁၂၄၅)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ်(I-18) အပေါ်ထပ်အစည်းအဝေး ခန်းမ၌ ကျင်းပပါသည်။
အစည်းအဝေးတွင် ကော်မတီ၏ လုပ်ငန်းကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးပြီး ရှေ့ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးကြပါသည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့်အတူ ကော်မတီအဖွဲ့ဝင်များက တက်ရောက်ကြပြီး အစည်းအဝေးကို (၁၃၃၀)နာရီတွင် ရုပ်သိမ်းပါသည်။