Share this

အမျိုးသားလွှတ်တော်၊ အစိုးရမဟုတ်သောပြည်တွင်းပြည်ပအဖွဲ့အစည်းများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Tuesday, February 27, 2018 - 13:50
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ အစိုးရမဟုတ်သောပြည်တွင်းပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၇.၂.၂၀၁၈) ရက်နေ့ (၁၂၀၀)နာရီ အချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်(I-18) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ကော်မတီက နှစ်ပတ်လည်အစီရင်ခံစာ တင်သွင်းနိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးထားသော INGOs အဖွဲ့အစည်းများနှင့် တွေ့ဆုံနိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၁၃၃၀) နာရီတွင်  ရုပ်သိမ်းခဲ့ပါသည်။