အမျိုးသားလွှတ်တော်၊ အစိုးရမဟုတ်သောပြည်တွင်းပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၅.၃.၂၀၁၈)ရက်နေ့ (၁၂၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-18) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ကော်မတီ၏ ဒုတိယနှစ်ပတ်လည် အစီရင်ခံစာတင်သွင်းနိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပြီး အစည်းအဝေးကို (၁၃၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။