အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီနှင့် ကျန်းမာရေးဝန်ကြီးဌာန ဆွေးနွေးပွဲကို (၁၃– ၅- ၂၀၁၆) ရက်နေ့ မွန်းလွဲ (၁၃ : ၀၀) နာရီမှ (၁၅ : ၀၀) နာရီအချိန်အထိ အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် (I-14) ၌ အစီအစဉ် (၆) ရပ်ဖြင့် ကျင်းပခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပါမောက္ခ ဒေါက်တာဝင်းအောင်မြင့် နှင့် ပါမောက္ခ ဒေါက်တာတင်ဦး တို့က ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ယူရေးဆွဲလျက်ရှိသော စိတ်ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေအပေါ် လေ့လာစိစစ်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများနှင့်ပတ်သက်၍ ကော်မတီဝင်များမှ အကြံပြုတင်ပြခြင်း၊ အတည်ပြုခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။