အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်လင်းထွဋ်၊ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များအား (၂၂.၂.၂၀၁၇) ရက်နေ့ ၁၂၃၀ နာရီတွင် အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် (I-14) ၌ Pyi Gyi Khin ဦးစီးအရပ်ဖက် အဖွဲ့အစည်းများမှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ယင်းသို့တွေ့ဆုံရာတွင် အမျိုးသားကျန်းမာရေး အာမခံဥပဒေရေးဆွဲရာတွင် လူတိုင်း၊ နိုင်ငံသားတိုင်းကိုလွှမ်းခြုံသည့် ဥပဒေတစ်ရပ်ပြဋ္ဌာန်းပြီး ကျန်းမာရေးအာမခံ ကာကွယ်ရေးစနစ် ထူထောင်ရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးစရိတ်စကနှင့်ပတ်သက်၍ ရန်ပုံငွေရရှိနိုင်မည့်နည်းလမ်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၏ ဆောင်ရွက်မှု အခန်းကဏ္ဍများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပြီး ဥက္ကဋ္ဌနှင့်ကော်မတီအဖွဲ့ဝင်များမှ အမျိုးသားကျန်းမာရေး အာမခံဥပဒေရေးဆွဲနိုင်ရေးအား ဖြည့်စွက်အကြံပြု ဆွေးနွေးခဲ့ကြပါသည်။