အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်လင်းထွဋ်၊ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များသည် (၃၀.၈.၂၀၁၇) ရက်နေ့၊ (၁၄၃၀)နာရီတွင် ရေးရာဆောင်အမှတ် (I-20) ၌ ဒိန်းမတ်နိုင်ငံ၊ ဆွီဒင်နိုင်ငံတို့မှ Mr. Claus KVIST HANSEN, Mr. Sotiris DELIS တို့ ဦးဆောင်သော ပါလီမန်အမတ်များနှင့် တွေ့ဆုံခဲ့ပါသည်။
ယင်းသို့တွေ့ဆုံရာတွင် ကာကွယ်ဆေးထိုးလုပ်ငန်းအပါအဝင် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းပြီး Gavi The Vaccine Alliance အနေဖြင့် မြန်မာနိုင်ငံ အပေါ် ဝက်သက်ဂျိုက်သိုးကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး၊ ပိုလီယို ကာကွယ်ဆေးများကဲ့သို့ ကာကွယ်ဆေးများ ထောက်ပံ့ပေးခြင်းများနှင့်ပတ်သက်၍လည်းကောင်း၊ ရာသီတုပ်ကွေး၊ H1N1 ကာကွယ်ဆေးထောက်ပံ့ပေးရန်လိုအပ်မှု၊ ကျန်းမာရေးအာမခံစနစ်ပေါ်ထွက်လာရန်လုပ်ဆောင်မှု၊ အခမဲ့ဆေးဝါးကုသပေးမှု၊ မြန်မာနိုင်ငံမှကာကွယ်ဆေးများအတွက် အချိုးကျရန်ပုံငွေထည့်ဝင်မှုနှင့် ပုံမှန်ကာကွယ်ဆေးထိုးမှုဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါ သည်။