အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် (၃၀.၈.၂၀၁၈)ရက်နေ့ (၁၃၁၅)နာရီအချိန်တွင် ရေးရာဆောင်အမှတ်(I-14) အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္ထုနှင့် သစ်တောရေးရာကော်မတီတို့မှ လွှတ်တော်ကိုယ်စားလှယ်များက ကော်မတီ၏လုပ်ပိုင်ခွင့်များနှင့် စပ်လျဉ်း၍ လက်ရှိလုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအား လာရောက်လေ့လာရာ ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရှင်းလင်းပြောကြားခဲ့ပြီး ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်စကား ပြောကြား၍ တွေ့ဆုံပွဲအခမ်းအနားကို (၁၅၁၅)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။