အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၂၇-၄-၂၀၁၆) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် အမျိုးသားလွှတ်တော်၊ ရေးရာဆောင် အမှတ် (I-15) ၌ အောက်ပါအစီအစဉ် (၇) ရပ်ဖြင့် ကျင်းပခဲ့ပါသည်။
၁။ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခြင်း။
၂။ အတွင်းရေးမှူးမှ ဆရာဦးကြည်ဝင်း၏ ကိုယ်ရေးရာဇဝင်အကျဉ်းကို ပြောကြားခြင်း။
၃။ ဦးကြည်ဝင်းမှ လယ်ယာမြေဥပဒေနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးခြင်း။
၄။ ဟောပြောဆွေးနွေးခြင်းနှင့်ပတ်သက်၍ တက်ရောက်လာသူများမှ ပြန်လည်ဆွေးနွေးမေးမြန်းခြင်း။
၅။ ဦးကြည်ဝင်းမှ ဆွေးနွေးမေးမြန်းချက်များကို ပြန်လည်ဖြေကြားခြင်း။
၆။ ဥက္ကဋ္ဌမှ နိဂုံးချုပ်စကား ပြောကြားခြင်း။
၇။ အခမ်းအနားပြီးဆုံးကြောင်း ကြေညာခြင်း။
အဆိုပါအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဦးဘမျိုးသိန်း၊ အတွင်းရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးနောင်နဂျာတန်၊ ဦးဘော်ရယ်စိုးဝေ၊ ဒေါ်နော်ဆာမူထူး၊ ဦးသက်နိုင်စိုး၊ ဦးကျော်ဆွေ၊ ဦးစိုးအောင်၊ ဦးတက်ထွန်းအောင်၊ ဦးစိုင်းလုံစံခတ်၊ ဦးခင်ဇော်ဦး၊ ဦးအောင်မျိုး၊ ဦးလင်းတင်ဌေး၊ မန်းတိုးရွှေ၊ ဗိုလ်မှူးကြီး လှဝင်းအောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။