အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် အပြန်အလှန်ဆွေးနွေးပွဲ(Debate) အခမ်းအနားကို စာတမ်းရှင် မောင်သံဒိုင်(ဘောဂဗေဒ) မှ “မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍ၏ လက်ငင်းရင်ဆိုင်နေရသော ပြဿနာများ” ခေါင်းစဉ်ဖြင့် (၁၁- ၅- ၂၀၁၆) ရက်နေ့ မွန်းတည့် (၁၂ : ၀၀) နာရီအချိန်တွင် အမျိုးသားလွှတ်တော်၊ ထမင်းစားခန်းမ (J ဆောင်) ၌ ဆွေးနွေးဟောပြောခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တောင်သူလယ်သမားရေးရာကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။