အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီမှ ဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်(၄)ဦးတို့အား The World Bank မှ Sr. Land Administration Specialist, Mr. Paul Scott Prettitore ဦးဆောင်သောအဖွဲ့က (၈.၃.၂၀၁၈)ရက်နေ့၊ နေ့လယ်(၁၄၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-20)ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြေယာစီမံခန့်ခွဲမှုအတွက် လိုအပ်ချက်များနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးခဲ့ပါသည်။