အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အဖွဲ့ဝင် မြန်မာ-ပိုလန် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းဥက္ကဋ္ဌ ဒေါက်တာတင်ဝင်းနှင့်အဖွဲ့သည် ရန်ကုန်မြို့အခြေစိုက် ပိုလန်သံရုံးမှ Mr. Miroslaw Zasada အား မတ်လ ၁၈ ရက်နေ့ မွန်းတည့် (၁၂)နာရီအချိန်တွင် အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် ( I-20 ) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ပိုလန် နှစ်နိုင်ငံဆိုင်ရာ အနာဂတ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အသိပညာကြွယ်ဝရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ မြန်မာ-ပိုလန် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၈)ဦး တက်ရောက်ခဲ့ကြပါသည်။