Share this

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ILO မှ MR.SELIM BENAISSA နှင့် SAW HSAR KA BAW တို့လာရောက်တွေ့ဆုံ

Wednesday, August 31, 2016 - 13:32
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ILO မှ Mr.Selim Benaissa နှင့် Saw Hsar Ka Baw တို့သည် (၃၁.၈.၂၀၁၆) ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၃၀၀) နာရီအချိန်တွင် ရေးရာဆောင် အမှတ်( I-20 ) ဧည့်ခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။

ကလေးအလုပ်သမားဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အရွယ်မရောက်သေးသည့် ကလေးသူငယ်များအား ခိုင်းစေခြင်း၊ ခေါင်းပုံဖြတ်မှု၊ ညှင်းပန်းနှိပ်စက်မှု စသည်တို့မှ ကာကွယ်ရန်အတွက် အသိပညာပေးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ကြရန်တို့ ကို ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။