အမျိုးသားလွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာမြသောင်းတို့သည် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးမှ Political Advisor, Mr. Andreas Magnusson အား (၁-၉-၂၀၁၆) ရက်နေ့ (၁၃ ၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ကော်မတီရေးရာဆောင်အမှတ် ( I-20 ) ၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးကိစ္စရပ်များ၊ ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဦးဇော်မင်းလတ် (ခ) ဦးကိုလတ်၊ လွှတ်တော်အခွင်းအရေးကော်မတီအဖွဲ့ဝင် ဦးမောင်မောင်လတ်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။