Share this

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာမြသောင်းနှင့် အဖွဲ့ဝင်များအား DANISH INSTITUTE FOR PARTIES AND DEMOCRACY (DIPD) အဖွဲ့က လာရောက်တွေ့ဆုံ

Wednesday, November 23, 2016 - 13:43
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာမြသောင်းနှင့် အဖွဲ့ဝင်များအား DANISH INSTITUTE FOR PARTIES AND DEMOCRACY (DIPD) အဖွဲ့၏ အဖွဲ့ခေါင်းဆောင် Mr. Jeremy Liebowitz နှင့် အဖွဲ့ဝင် (၂) ဦးတို့မှ (၂၃.၁၁.၂၀၁၆) ရက်နေ့ (ဗုဒ္ဓဟူးနေ့) (၁၂၀၀) နာရီမှ (၁၃၀၀) နာရီအချိန်အထိ ရေးရာဆောင်အမှတ် (I-20) ၌ လာရောက်တွေ့ဆုံ၍ နိုင်ငံရေးပါတီအတွင်းရှိ အမျိုးသမီးနှင့် လူငယ်များအား ပါတီစုံစကားဝိုင်းများပြုလုပ်ပေးနိုင်ရေး၊ ပါတီလူငယ်နှင့် အမျိုးသမီးအဖွဲ့များအချင်းချင်းကြား ကွန်ယက်ချိတ်ဆက်မှုများ အားကောင်းလာစေရန် ပံ့ပိုးပေးရေး၊ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲဆိုင်ရာနိုင်ငံတကာအတွေ့အကြုံများ ရယူဖလှယ်နိုင်ရေး၊ နိုင်ငံရေးပါတီအတွင်းမှ အမျိုးသမီးများနှင့် လူငယ်များ၏ ခေါင်းဆောင်မှုစွမ်းရည်များ မြှင့်တင်ပေးရေးတို့ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။