အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီအဖွဲ့ဝင်များအား UNICEF မှ Ms.Alison Rhodes (Session Chief – Advocacy, Partnership And Communication) နှင့် ဦးလှိုင်မင်းဦး (Advocacy Officer) တို့မှ (၂.၂.၂၀၁၇) ရက်နေ့၊ (ကြာသပတေးနေ့) (၀၉:၀၀) နာရီမှ (၀၉:၄၀) နာရီအထိ ရေးရာဆောင်အမှတ် (I-20) ၌ လာရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံအတွင်းရှိ ကလေးသူငယ်များအားလုံး ရသင့်သည့်အခွင့်အရေးများရရှိရန်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကို ပြဋ္ဌာန်းနိုင်ရန်နှင့် ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရန်တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။