Share this

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် လေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာမြသောင်းနှင့်အဖွဲ့ဝင်များအား ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၊ သံရုံးဒုတိယအကြီးအကဲ MS. KRISTEN BAUER နှင့်အဖွဲ့က လာရောက်တွေ့ဆုံ

Wednesday, February 8, 2017 - 14:04
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် လေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမြသောင်းနှင့်အဖွဲ့ဝင်များအား ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၊ သံရုံးဒုတိယအကြီးအကဲ Ms. Kristen Bauer နှင့်အဖွဲ့ဝင် (၃) ဦးတို့မှ (၈.၂.၂၀၁၇) ရက်နေ့ ၀၈၄၀ နာရီမှ ၀၉၄၀ နာရီအချိန်ထိ ရေးရာဆောင်အမှတ် (I-20) ၌ လာရောက်တွေ့ဆုံ၍ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် စပ်လျဉ်း၍ ခိုင်မာသည့်ဥပဒေတစ်ရပ်ပေါ်ထွန်းလာစေရေး၊ နိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင်မှုမြှင့်တင်ရေး၊ မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။