Share this

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမြသောင်းနှင့် အဖွဲ့ဝင်များအား မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန်နိုင်ငံ အခြေစိုက် NDI ၏ ကမ္ဘာလုံးဆိုင်ရာ ဒါရိုက်တာ MS. SANDRA PEPERA က လာရောက်တွေ့ဆုံ

Thursday, February 16, 2017 - 14:06
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာမြသောင်းနှင့် အဖွဲ့ဝင်များအား မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန်နိုင်ငံအခြေစိုက် NDI ၏ ကမ္ဘာလုံးဆိုင်ရာ ဒါရိုက်တာ Ms. Sandra Pepera မှ (၁၆.၂.၂၀၁၇) ရက်နေ့၊ (၁၁၃၀) နာရီမှ (၁၃၀၀) နာရီထိ ရေးရာဆောင်အမှတ် (I-20)၌ လာရောက်တွေ့ဆုံ၍ အမျိုးသမီးနှင့်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များအား ကိုယ်စားလှယ်လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် စပ်လျဉ်းပြီး ကာကွယ်စောင့် ရှောက်ရန်နှင့် ရသင့်သည့် အခွင့်အရေးများ ရရှိရန်တို့အတွက် လိုအပ်သည့် နည်းပညာများ ပံ့ပိုးပေးနိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။