Share this

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီမှ စီစဉ်သည့် “အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်ခွဲခြားဆက်ဆံမှုပပျောက်ရေး သဘောတူစာချုပ်(CEDAW)” ခေါင်းစဉ်ဖြင့် အပြန်အလှန်ဆွေးနွေးခြင်းအခမ်းအနားကျင်းပ

Tuesday, February 28, 2017 - 14:11
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

“အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူစာချုပ်(CEDAW)” ခေါင်းစဉ်ဖြင့်ဆွေးနွေးဟောပြောပွဲကို အမျိုးသားလွှတ်တော်စုပေါင်းခန်းမ၌ (၂၈.၂.၂၀၁၇)ရက်နေ့ ၁၃၀၀ နာရီတွင် ပြုလုပ်ခဲ့ရာ အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမြသောင်းက သဘာပတိအဖြစ်ဆောင်ရွက်ပြီး အဖွင့်စကားပြောကြားကာ ဒေါ်ခင်မေကြည်၊ ဒေါ်ခင်ဇာနိုင်နှင့် ဦးရဲသူရအောင်တို့က ဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက “အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်ခွဲခြားဆက်ဆံမှုပပျောက်ရေးသဘောတူစာချုပ်(CEDAW)”နှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဆွေးနွေးမှုများအပေါ် ဒေါ်ခင်ဇာနိုင်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။