Share this

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာမြသောင်းအား APHR အဖွဲ့၏ ကိုယ်စားလှယ် MR. OREN SAMET နှင့် MS. JENNIFER NAVARRO BAYANG တို့က လာရောက်တွေ့ဆုံ

Tuesday, June 20, 2017 - 14:49
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်



အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမြသောင်းအား APHR အဖွဲ့မှ Mr. Oren Samet နှင့် Ms. Jennifer Navarro Bayang တို့မှ (၂၀.၆.၂၀၁၇) ရက် (အင်္ဂါနေ့)၊ နံနက် (၀၉၀၀) နာရီတွင် ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမဆောင်၌ လာရောက်တွေ့ဆုံ၍ APHR အဖွဲ့ဝင် လွှတ်တော်အမတ်များနှင့် မြန်မာလွှတ်တော်ကိုယ်စားလှယ်များအကြား တွေ့ဆုံဆွေးနွေးနိုင်ရေး၊ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်း၍ APHR ၏ ကာလရှည် မဟာဗျူဟာအချက်အလက်များ ချမှတ်နိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။