Share this

အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-20) အစည်းအဝေးခန်းမ၌ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားပြုလုပ်

Wednesday, July 5, 2017 - 14:58
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီနှင့် ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့သည် WFD မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ရေးရာဆောင်အမှတ်(I-20) အစည်းအဝေးခန်းမ၌ (၅-၇-၂၀၁၇) ရက်နေ့ (၁၀၀၀) နာရီတွင် “ ဥပဒေပြုပြီးနောက် စိစစ်ခြင်းဆိုင်ရာ လုပ်ငန်းများအား ထည့်သွင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများ” ခေါင်းစဉ်နှင့် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များတို့က “ ဥပဒေပြုပြီးနောက် စိစစ်ခြင်းဆိုင်ရာ လုပ်ငန်းများအား ထည့်သွင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများ” နှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများအပေါ် WFD မှ တာဝန်ရှိပုဂ္ဂိုလ်များက ပြန်လည်ရှင်းလင်းဖြေကြားပြီး အခမ်းအနားကို (၁၂၃၀) နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။