အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီသည် “ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေ” နှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် (၂၂.၁.၂၀၁၈)ရက် အမျိုးသားလွှတ်တော် အစည်းအဝေးပြီးဆုံးချိန်တွင် ရေးရာဆောင်အမှတ် (I-18) အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။