အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဆောင်သည့် ရငွေသုံးငွေများစိစစ်ရေး ပူးပေါင်းအဖွဲ့(၁၅)သည် “၂၀၁၈ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းများ၌ပါဝင်သည့် စီမံကိန်း လုပ်ငန်းများနှင့် လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များ ပြန်လည် ပေးပို့နိုင်ရေး” နှင့်စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် (၂၅-၁-၂၀၁၈)ရက် (ကြာသပတေးနေ့) နေ့လယ် (၁၃၀၀) နာရီတွင် ရေးရာဆောင်အမှတ် (I-18) အစည်းအဝေးခခန်းမ၌ တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။