အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီသည် UNICEF ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms.June Kunugi နှင့် (၂၉.၁.၂၀၁၈)ရက်နေ့ နံနက်(၀၉၀၀)နာရီတွင် ရေးရာဆောင်အမှတ်(I-20)၌ လာရောက်ဂါရဝပြုတွေ့ဆုံ၍ မြန်မာနိုင်ငံရှိ ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကော်မတီ၏ဆောင်ရွက်မှုလုပ်ငန်းများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။