အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာမြသောင်းနှင့် ကော်မတီဝင်များအား UNAIDS Myanmar အဖွဲ့မှ Country Director, Mr.Oussama Tawil နှင့် Policy Officer ဒေါ်အေးအေးနွယ်တို့သည် (၁၄.၂.၂၀၁၈)ရက်နေ့ (၁၃၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင် အမှတ် (I-18)ကော်မတီအစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံရာတွင် UNAIDS Myanmar အဖွဲ့က Country Director, Mr.Oussama Tawil မှ “ခုခံအားကျဆင်းမှု ရောဂါပိုးရှိသူများနှင့် ဆက်နွယ်ထိခိုက်ခံရသူများဆိုင်ရာ ဥပဒေကြမ်းနှင့် ပြည့်တန်ဆာဆိုင်ရာဥပဒေ”တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ပြောကြားပါ သည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာမြသောင်းနှင့် ကော်မတီဝင်များဖြစ်ကြသော ဒေါက်တာတင်တင်ဝင်း၊ ဦးကျော်ကျော်ဝင်း၊ ဦးကျော်နိုင်၊ ဒေါက်တာဝင်းမြင့်ချစ်၊ ဦးတင်ဝေ၊ ဗိုလ်မှူးကြီးအောင်လွင်၊ အတွင်းရေးမှူးနော်လှလှစိုးနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။