Share this

အမျိုးသားလွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီနှင့် United World Schools ၏ အဖွဲ့အစည်း တည်ထောင်သူဖြစ်သော Mr. Christopher Jon Howarth၊ မြန်မာနိုင်ငံ United World Schools ၏ ဌာနေကိုယ်စားလှယ် ဒေါက်တာကေခိုင်ဝင်းတို့နှင့် ပညာရေးကိစ္စနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်း

Wednesday, February 21, 2018 - 16:25
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီသည် United World Schools ၏ အဖွဲ့အစည်း တည်ထောင်သူဖြစ်သော Mr. Christopher Jon Howarth၊  မြန်မာနိုင်ငံ United World Schools ၏ ဌာနေကိုယ်စားလှယ် ဒေါက်တာကေခိုင်ဝင်းတို့နှင့် (၂၁.၂.၂၀၁၈)ရက်နေ့ (၁၃၄၅)နာရီအချိန်မှ (၁၅၂၅)အချိန်ထိ ရေးရာဆောင်အမှတ် (I-14)အောက်ထပ်အစည်းအဝေးခန်းမ၌ “ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသတွင် ပညာရေးလုပ်ငန်းများတိုးချဲ့ရန်အတွက် လမ်းညွှန်ချက်များ ရရှိလို၍လည်းကောင်း၊ ထိုသို့တိုးချဲ့ရာတွင် တွေ့ရှိရသည့် အခက်အခဲများဖြေရှင်းနိုင်ရန် အကူအညီများရရှိလိုခြင်း” ကိစ္စနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။