အမျိုးသားလွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီနှင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် “ရခိုင်ပြည်နယ် စစ်တွေမြို့၊ ရသေ့တောင်မြို့၊ ဘူးသီးတောင်မြို့ နှင့် မောင်တောမြို့များသို့ (၆.၁.၂၀၁၈)မှ (၁၂.၁.၂၀၁၈)ရက်နေ့အထိ သွားရောက်ခဲ့သည့်ကွင်းဆင်းဆွေးနွေးမှု ခရီးစဉ်တွေ့ရှိချက်များ” နှင့်စပ်လျဉ်း၍ (၈.၃.၂၀၁၈)ရက်နေ့၊ နေ့လယ်(၁၃၁၀)နာရီမှ (၁၅၃၀)နာရီအချိန်ထိ ရေးရာဆောင်အမှတ်(I-14)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။