အမျိုးသားလွှတ်တော်၊ ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေး အား International Organization for Migration (IMO) မှ အာရှပစိဖိတ် ဒေသဆိုင်ရာ တာဝန်ခံဒါရိုက်တာ Dr. Maria Nenette Motus နှင့်အဖွဲ့က (၂၅.၅.၂၀၁၆) ရက်နေ့ မွန်းလွဲ (၁၄:၀၀) နာရီ အချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီ ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံမှ ပြည်ပတွင် သွားရောက်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သားများ၏ လုပ်ငန်းပေါင်းစုံ၊ လူမှုရေး၊ စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှု ကိစ္စရပ်များကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းရန် သတင်းအချက်အလက်နှင့် နည်းပညာ ကူညီပံ့ပိုးပေးနိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေးနှင့် အတူ ကော်မတီဝင် ဦးဥက္ကာမင်းနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။