အမျိုးသားလွှတ်တော်၊ ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးနှင့် အဖွဲ့ဝင်များအား အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့အခြေစိုက် SOLIDARITY CENTER မှ အလုပ်သမားများဆိုင်ရာ ဥပဒေရေးရာအထူးကျွမ်း ကျင်သူ Mr. Jeff Vogt နှင့် အဖွဲ့တို့က (၉-၃-၂၀၁၇)ရက်နေ့ (၁၄၀၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-15) အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။
မြန်မာနိုင်ငံအတွင်း လတ်တလောပြန်လည်ပြုပြင်နေသည့် အလုပ်သမားများဆိုင်ရာ ဥပဒေနှင့်ပတ်သက်ဆက်နွယ်နေသည့် နိုင်ငံတကာဆိုင်ရာ အလုပ်သမားစံချိန်စံညွှန်း များနှင့်ပတ်သက်သည့် အကြောင်းအရာများအား နှစ်ဖက်အမြင်ချင်းဖလှယ်ဆွေး နွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေးနှင့်အတူ အဖွဲ့ဝင်(၇)ဦး၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။