အမျိုးသားလွှတ်တော်၊ ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေးနှင့် အဖွဲ့ဝင်များအား (CEFC) China Energy Company Limited ၊ Financial Cooperation Department မှ Deputy General Manager Mr.Yanhui Zhang ဦးဆောင်သောအဖွဲ့က (၂၆.၇.၂၀၁၇) ရက်နေ့ (၁၄၃၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်တွင် ခုတင် (၅၀) ဆံ့ ဆေးရုံတစ်ရုံ ဆောက်လုပ်လှူဒါန်းခြင်းနှင့် ပတ်သက်၍ ဆွေးနွေးသွားကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေးနှင့်အတူ အဖွဲ့ဝင် (၃) ဦး၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။