နေပြည်တော် အမျိုးသားလွှတ်တော်အဆောက်အအုံ၊ စုပေါင်းခန်းမ၌ (၃၁- ၅- ၂၀၁၆) ရက်နေ့ မွန်းလွဲ (၁၄ : ၀၀) နာရီအချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ဦးဆောင်ကျင်းပသည့် အပြန်အလှန်ဆွေးနွေးခြင်း(Debate) အခမ်းအနားကို “မြန်မာ့ရေလုပ်ငန်း အနာဂါတ်ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပရာ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး အဖွင့်စကားပြောကြားကာ စာတမ်းရှင် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးနှင့် မြန်မာနိုင်ငံ ပုစွန်မွေးမြူထုတ်လုပ် ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးကျော်ထွန်းမြင့်တို့က အပြန်အလှန်ဆွေးနွေးပွဲနှင့်ပတ်သက်သည့် အကြောင်းအရာကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသော အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၃) ဦးတို့က “မြန်မာ့ရေလုပ်ငန်း အနာဂါတ်ဖွံ့ဖြိုးတိုးတက်ရေး” အကြောင်းအရာနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများအပေါ် စာတမ်းရှင် ဦးနှင်းဦးနှင့် ဦးကျော်ထွန်းမြင့်က ပြန်လည်ရှင်းလင်းဖြေကြားပြီး အခမ်းအနားကို မွန်းလွဲ(၁၆ : ၃၀) နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။