အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်၏ စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ H.E.Mr. Wang Guosheng ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် (၁၉.၁၂.၂၀၁၆) ရက်(တနင်္လာနေ့) နံနက် (၁၀၃၀) နာရီအချိန်တွင် ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌လာရောက်တွေ့ဆုံ ဆွေးနွေးရာ တရုတ်နိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်းများ လက်တွေ့ဆောင်ရွက်နေသည့် နည်းလမ်းများကို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌဦးအောင်ကြည်ညွန့်နှင့်အတူ အဖွဲ့ဝင်(၁၄)ဦး၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။