Share this

အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဂျပန်နိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီး၏ အထူးအကြံပေးဖြစ်သူ MR.KENGI KAGAWA အဖွဲ့မှ လာရောက်တွေ့ဆုံ

Monday, February 13, 2017 - 14:05
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အဖွဲ့ဝင်များအား ဂျပန်နိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီး၏ အထူးအကြံပေးဖြစ်သူ  Mr.Kengi KAGAWA သည် International Whale Commission (IWC) ဆိုင်ရာ အချက်အလက်များနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား (၁၃.၂.၂၀၁၇)ရက်နေ့၊ (၁၃:၀၀) နာရီတွင် ရေးရာဆောင်(I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အဖွဲ့ဝင် (၁၂)ဦး တက်ရောက်ခဲ့ကြပါသည်။