အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့သည် (၂၃-၈-၂၀၁၇) ရက်နေ့ (၁၂၃၀) နာရီတွင် ရေးရာဆောင်အမှတ် (I-14) အပေါ်ထပ် အစည်းအဝေးခန်းမတွင် တိုင်းနှင့်ပြည်နယ်အလိုက် ကြက်ဥ၊ ကြက် သယ်ယူပို့ဆောင်ရာ၌ တားမြစ်ခြင်း၊ အမိန့်နှင့်ညွှန်ကြားချက်များ ထုတ်ပြန်လျက်ရှိခြင်းတို့နှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးကြရာ ကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်မေးမြန်းခြင်းနှင့် အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြည်လည်ဖြေကြားကာ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို (၁၄၄၅) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။