ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးကာလအတွင်း နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၁၂) ကို ၁၆-၂-၂၀၁၂ ရက်နေ့ လွှတ်တော်အစည်းအဝေးပြီးဆုံးချိန်တွင် ကော်မတီရေးရာဆောင်အမှတ် (I-17) ၌ ဆက်လက်ကျင်းပခဲ့ပါသည်။