အမျိုးသားလွှတ်တော် (J) ဆောင် ထမင်းစားခန်းမ၌ (၂၄.၁၀.၂၀၁၇) ရက်နေ့၊ (၁၃၀၀) နာရီအချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး တက္ကသိုလ်မှ Australain Centre For International Agricultural Research, (ACIAR) ၊ My Life စီမံကိန်းခေါင်းဆောင် Dr Julian Prior အဖွဲ့က မြန်မာနိုင်ငံစိုက်ပျိုးရေး တိုးချဲ့ပညာပေးဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ရေးမူဝါဒ ဆိုင်ရာနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်းအခမ်းအနားကို အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ကြီးမှူးကျင်းပခဲ့ ရာ အမျိုးသားလွှတ်တော်၊ ဒုတိယဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး Australain Centre For International Agricultural Research, (ACIAR) ၊ My Life စီမံကိန်းခေါင်းဆောင် Dr Julian Prior အဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များက ရှင်းလင်းတင်ပြ ရာ တက်ရောက်လာကြသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်း နှင့် ပြန်လည်ဖြေကြားခြင်းများပြုလုပ်ခဲ့ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူးမှ နိဂုံးချုပ်စကားပြောကြားပြီး အခမ်းအနားကို (၁၆၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။