အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့အား စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Board of the Center for Economic and Social Development) (CESD) ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက (၁၃.၃.၂၀၁၈)ရက်နေ့ (၁၂၀၀)နာရီအချိန်တွင် အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် (I-15)အပေါ်ထပ် အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံရာ “တောင်သူလယ်သမားများ၏ ဝင်ငွေနှင့် လူနေမှုဘဝမြင့်မားရေး၊ လယ်သမားမှ လယ်ယာစီးပွားလုပ်ငန်းရှင်သို့” ခေါင်းစဉ်ဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသော အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်တို့က “တောင်သူလယ်သမားများ၏ ဝင်ငွေနှင့် လူနေမှုဘဝမြင့်မားရေး၊ လယ်သမားမှ လယ်ယာစီးပွားလုပ်ငန်းရှင်သို့”ခေါင်းစဉ်နှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများအပေါ် (CESD) ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြန်လည်ရှင်းလင်းဖြေကြားပြီး အခမ်းအနားကို (၁၅၀၀)နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။