Share this

အမျိုးသားလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီသည် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနတို့နှင့် လုပ်ငန်းအပြီးသတ် ညှိနှိုင်းအစည်းအဝေး

Tuesday, March 24, 2015 - 11:18
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်





အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီသည် နယ်စပ်ရေးရာဝန်းကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန တို့၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်အတွင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ သုံးစွဲခဲ့သော လုပ်ငန်းများအပေါ် စိစစ်တင်ပြခြင်း အစီရင်ခံစာနှင့် စပ်လျဉ်း၍ အပြီးသတ်လုပ်ငန်း ညှိနှိုင်းအစည်းအ‌ဝေးကို အမျိုးသားလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ အစည်းအဝေးခန်းမ ရေးရာဆောင်အမှတ်(I -15) တွင် ၂၄ – ၃ -၂၀၁၅ နံနက် (၁၀း၀၀) နာရီတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့်  အတွင်းရေးမှူး ဒေါ်ရီရီမြင့်နှင့်အတူ ကော်မတီဝင် (၈) ဦးတို့ တက်ရောက်ခဲ့ပြီး မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာ အောင်မြတ်ဦးနှင့် ဌာနဆိုင်ရာအရာရှိ (၁၅)ဦး၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစံရွှေအောင်(ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် ဦးထွေးလှ (နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန)တို့နှင့်အတူ  ဌာနဆိုင်ရာ အရာရှိ (၆) ဦး တို့တက်ရောက်ခဲ့ပါသည်။

ထိုအစည်းအဝေးတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ သုံးစွဲခဲ့သော လုပ်ငန်းများအပေါ် စိစစ်တင်ပြခြင်း အစီရင်ခံစာတွင် လိုအပ်သည်များကို ဖြည့်စွက်ခဲ့ပြီး အတည်ပြုချက်ရယူခဲ့ပါသည်။ အစည်းအဝေးကို နေ့လယ်(၁၁း၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။