အမျိုးသားလွှတ်တော် ပထမအကြိမ် ဆဋ္ဌမပုံမှန် အစည်းအဝေး၌ ပြည်ထဲရေးဝန်ကြီးဌာန နှင့် စီမံ/စီးပွားဝန်ကြီး ဌာနများကို ဖိတ်ကြား၍ NGO, INGO များနှင့်ပတ်သက်သည့် နောက်ဆုံး အခြေအနေ လုပ်ထုံးလုပ်နည်းများကို သိရှိနိုင်ရန် ခေါ်ယူဆွေးနွေးခြင်းကို ၅ .၂ .၂၀၁၃ ရက်နေ့တွင် အစည်းအဝေး အမှတ်စဉ် ၄/၂၀၁၃ ဖြင့် ပြုလုပ် ကျင်းပခဲ့ပါသည်။